University Talk-Kyauk Se Technological University

July 19, 2018 @ 8:00 am - 5:00 pm

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it to make a type specimen book. It has survived not only five centuries, but also the leap into […]

Find out more »

University Professional Talk_Taunggyi University

January 31, 2018

Myanmar Fulbright Alumni Association MFAA တောင်ကြီးတက္ကသိုလ်ဟောပြောပွဲ ၃၁.၁.၁၈ တွင်ပြုလုပ်ရာ ကျောင်းသူကျောင်းသားနှင့် ဆရာဆရာမ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ကြသည်။ ကိုနိုင်ထွန်းလင်းမှ စကောလားရှစ် လျှောက်ပုံ၊ မခင်သဇင်မြင့်မှ အင်တာဗျူးဖြေဆိုပုံ၊ ကိုတေဇကြည်ဝင်းမှ အက်ဆေးရေးပုံများဆွေးနွေးပြီး ကိုခင်မောင်ဝင်းမှ moderator အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ မငြိမ်းစုစုသွယ်မှ MFAA အကြောင်း ရှင်းလင်းပြီး မကြည်ပြာချစ်စောမှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဖူးလ်ဘရိုက်ခရီး ဒိုင်ယာရီ စာအုပ်များ MFAA note book နှင့် ဘောပင်များ ဝေငှခဲ့ပါသည်

Find out more »

MFAA Gathering

January 1, 2018

  MFAA သည် အဖွဲ့ဝင်များ မိသားစုဝင်များနှင့် အခါအားလျော်စွာ မိတ်ဆုံစားပွဲများ၊ ညစာစားပွဲများ၊ တွေ့ဆုံပွဲများ ပြုလုပ်လေ့ရှိပါသည်။ ယခုအခါ မြန်မာနို်င်ငံမှ အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ပညာသင်ကြားပြီး ပြန်ရောက်လာသူဦးရေမှာ ၇၀ကျော်ခန့်ရှိပြီဖြစ်သည်။ အဖွဲ့ဝင်များအကြား အချင်းချင်း နားလည်မှု၊ ကူညီရိုင်းပင်းမှု၊ အသိပညာဖလှယ်မှုများ၊ မိသားစုဝင်များနှင့်ပါ ရင်းနှီးနွေးထွေးစေရန် အဆိုပါ တွေ့ဆုံပွဲများအား စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။            

Find out more »

Charity & Donation

January 1, 2018

MFAA အဖွဲ့ သည် ၂၀၁၅ခုနှစ်တွင်  ကောလင်းမြို့ နယ်ရေဘေးအလှူအတွက် နှစ်ဆယ့်ခုနှစ်သိန်းနှင့်ခြောက်ထောင်နှင့်  ၂၀၁၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှစ်တရာပြည့် အခမ်းအနားအတွက် အလှူငွေ နှစ်သိန်းကျပ် လှူဒါန်းခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာ ဖူးလ်ဘရိုက်ခရီးဒိုင်ယာရီ စာအုပ်များအား နိုင်ငံတဝန်းရှိစာကြည့်တိုက်များ တက္ကသိုလ်များ နှင့် လူငယ်အဖွဲ့  အစည်းများအား အုပ်ရေ ၁၅၀၀ အားပေးပို့ လှူ ဒါန်းခဲ့ပါသည်။    

Find out more »

University Professional Talk-KyaukSe Technological University 2017 Dec 19th

December 19, 2017

မြန်မာဖူးလ်ဘရိုက်ကျောင်းသားဟောင်းများအဖွဲ့သည် ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် လူငယ်နှင့်ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ခေါင်းဉ်ဖြင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ရာ ဆရာဆရာမ ကျောင်းသားကျောင်းသူ ၂၀၀ ကျော် တက်ရောက်ကြပါသည်။   ဆွေးနွေးပွဲတွင် အဓိက ဦးဆောင် ဆွေးနွေးသူများမှာ ကိုနိုင်ထွန်းလင်း၊ မခေမာအောင်နှင့် ကိုတေဇကြည်ဝင်းတို့ဖြစ်ပြီး မယဉ်ယဉ်ထွန်းငွေ၊မမေသုခစိုးတို့မှ ဆွေးနွေးပွဲ ပံ့ပိုးပေးသူများအဖြစ်ဆောင်ရွက်ပြီး မကြည်ပြာချစ်စောမှ အခမ်းအနား စီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့ပါသည်။   ပထမဦးစွာ ကိုနိုင်ထွန်းလင်းမှ Preparing to be an international student at the Graduate School level in the US ဖြင့်လည်းကောင်း ကိုတေဇကြည်ဝင်းမှ How to write a scholarship essay ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခေမာအောင်မှ […]

Find out more »

Trip to Netmauk : Bogyoke Centenary

May 18, 2017 @ 8:00 am - 5:00 pm

သူ့အပြုံး ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့်အထိမ်းအမှတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ၂၀၁၅၊ ဖေဖော်ဝါရီလ ၇ ရက်၊ စနေနေ့ နံနက်ခင်းတွင် ဖွင့်လှစ်ပြီးစီး၏။   လမ်းပေါ်တွင်လူများ၊ ကားများ စည်းကားလှသည်။ နတ်မောက်မြို့ငယ်လေးတွင် ယာဉ်ထိန်းရဲများက အများပြည်သူလွယ်ကူစွာ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့သွားနိုင်ရန် ကူ့ညီလျှက်။ ခြံဝင်းကျယ်အတွင်းရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်သည်  အညာဒေသတွင် မြင်တွေ့နေကျ၊ ခြေတံရှည်အိမ်ဖြစ်သည်။ အောက်ထပ်မှာ ထရံကာပတ်လည်၊ အပေါ်ထပ်ကိုပျဉ်ကာထားပြီး၊ သက်ကယ်အမိုးနှင့် အခန်းလေးခန်းပါရှိသည့် နှစ်ထပ်အိမ်ကြီးဖြစ်သည်။ ဗိုလ်ချုပ်ကို သည်အိမ်ကြီးပေါ်တွင်မွေးခဲ့သည်မဟုတ်။ ခြံအတွင်းရှိ ပစ္စည်းထားသည့်ဂိုဒေါင်တွင် မွေးခဲ့ခြင်းဖြစ်သည်။ ဂိုဒေါင်မှာမူလပုံစံမတွေ့ရတော့ပဲ အုတ်နံရံအပိုင်းအစအချို့သာကျန်ရှိ၏။ အိမ်အောက်ထပ်တွင် ဗိုလ်ချုပ်အောင်ဆန်း ၏ ဘ၀မှတ်တမ်း ဓါတ်ပုံများချိတ်ထားသည်။ ၁၀ တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ်နှင့် ဗိုလ်ချုပ်၏ ဆွေစဉ်မျိုး ဆက်ပြဇယားတို့ကိုပါတွေ့ရသည်။ ၁၀ တန်းအောင်လက်မှတ်တွင် ဗိုလ်ချုပ်၏မွေးနေ့ကို ၁၂.၃.၁၉၁၆ ဟုရေးသွင်း ထားသည်။ ရာပြည့်အထိမ်းအမှတ်ကွင်းရှိ့ပြခန်းများတွင်ပြသထားသည့် ဗိုလ်ချုပ်မွေးဇာတာမှာတော့ […]

Find out more »

Fulbrighter’s Diaries ( The Second Book Lauch )

May 17, 2017 @ 8:00 am - 5:00 pm

အမေရိကန် အစိုးရမှ ထောက်ပံ့သော နိုင်ငံတကာ ပညာရေး အစီအစဉ်များတွင် ဖူးလ်ဘရိုက် ပညာတော်သင်ဆုမှာ တစ်ခု အပါအဝင် ဖြစ်ပါသည်။ Fulbright scholarship ပညာသင်ထောက်ပံ့သည့် အစီအစဉ်တွင် အမေရိကန် တက္ကသိုလ်ကြီးများတွင် ပညာသင်ကြားခွင့် ဖြစ်ပါသည်။ အထူးသဖြင့် ဘွဲ့လွန်သင်တန်း တက်ရောက်မည့် ကျောင်းသားများ အတွက် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဖူးလ်ဘရိုက် ပညာတော်သင် အစီအစဉ်အား အစောဆုံး စတင်ခဲ့သည့် နိုင်ငံတွင် ပါဝင်ပြီး ၁၉၄၈ခုနှစ်မှာ ဖိလစ်ပိုင် ၊ ဂရိတို့နှင့် အတူလက်မှတ်ထိုးခဲ့ပါတယ်။ ယခုအခါ ပညာတော်သင်ကျောင်းသားများ တစ်ရာနီးပါးခန့်ရှိပါသည်။ အဆိုပါကျောင်းသားများမှ Myanmar Fulbright Alumni Association အဖြစ် အဖွဲ့ ဖွဲ့ထားပြီး ပညာရေးနှင့် အခြား ရပ်ရွာအကျိုးပြု လုပ်ငန်းများ လုပ်ကိုင်ပါသည်။ သူတို့သည် […]

Find out more »

General Assembly

May 15, 2017

  ပထမအကြိမ် အထွေထွေညီလာခံအား ၂၀၁၆ ဧပြီလ ၂ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ညီလာခံတွင် အမေရိကန် သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ညီလာခံတွင် ဖူးလ်ဘရိုက်ခရီး ဒိုင်ယာရီ ပထမအကြိမ် ထုတ်ဝေခြင်း၊ Executive Council အဖွဲ့ဝင်များအား မဲစနစ်ဖြင့် စတင်ရွေးချယ်ခဲ့ပါသည်။ ပထမအကြိမ် မဲပေးရွေးချယ်ရာတွင် ကိုအောင်ကျော်ဖြိုး (ဥက္ကဌ) ၊ ကိုမျိုးမြင့်အောင် (ဒုဥက္ကဌ) ၊ ကိုခင်မောင်ဝင်း (အတွင်းရေးမှူး၁)၊ မကြည်ပြာချစ်စော (အတွင်းရေးမှူး၂) ၊ မငြိမ်းစုစုသွယ် (ဘဏ္ဍာရေးမှူး) တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြပါသည်။ ဒုတိယအကြိမ် အထွေထွေညီလာခံအား ၂၀၁၇ မေလ ၂၂ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ညီလာခံတွင် ဖူးလ်ဘရိုက်ခရီး ဒိုင်ယာရီ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထုတ်ဝေခြင်း၊ US ASEAN Alumni meeting […]

Find out more »